Sunday, January 27, 2013

အတွေ့ ကြုံမရှိ တဲ့ အချစ်
~~~~~~~~~~~~~~~~~

အမှတ်မထင်ပဲ တွေ့ ရှိ

ပန်းနုရောင် နုတ်ခမ်းတစ်စုံ နဲ့

အလှနတ်သမီးလေး

သူ့  အကြည့်တွေက

စွဲဆောင်မှု့ ရှိလိုက်တာ

ငါ့ နှလုံးသား တစ်စုံကို 

လက်ယပ်ခေါ်နေသလိုပဲ

အတွေ့ ကြုံ မရှိတော့

ရင်တွေ အရမ်းခုန်ရတယ်

ခွင့်ပြုပေးပါ နတ်သ္မီးလေး

မင်းလေး ရဲ့ မျက်ဝန်းတစ်စုံကို

ငါ့ နှလုံးသားမှာ

" ထာဝရ " ချိတ်ဆွဲထားခွင့် ပြုပါ

ပန်းနုရောင် နတ်သ္မီးလေး

ငါကတော့အမြဲစောင့်နေမိတယ်

မင်းရဲ့ မျက်ဝန်းတစ်စုံကို တွေ့ မြင် ဖို့အတွက်

နေ့ ရက်တွေကို ရေတွက်ရင်း

နှလုံးသား ထက်မှာတော့

အလွမ်းတွေ ဖုံးအုပ်နေပြီ

သံခေါင်ယံ အချိန်တွေမှာ
 
နာကြင်မှု့ တွေနဲ့ အတူ

လမင်းကြီးကို အဖေါ်ပြုရင်း

နင့် ကိုလွမ်းခဲ့ရတဲ့ ညတွေ

ပြောပြစရာမလိုဘူး

ကောင်းကင် က လမင်းကြီးသိပါတယ် ချစ်သူ.....

အားနည်းချက် နဲ့ သူ Kyaw Thi Ha ( မန်းမြေ )

Thursday, January 24, 2013

အဝေးရောက် ချစ်သူ...
~~~~~~~~~~~~~~~~

ချစ်သူ.......
လှပတဲ့ ညရဲ့ သံခေါင်ယံအချိန်
ဘယ်သူ့ အလှ မှ မမှီတဲ့ အပြုံးနဲ့ အတူ
လှပတဲ့ အိမ်မက်တွေ ပေးခဲ့တယ်....

ချစ်သူ.......
ငါကတော့..နင့်ရဲ့အပြုံးတွေ
မချစ်စဖူး အချစ်ဦးမို့ 
ရူးလောက်အောင်စွဲလန်းခဲ့ရသူ

ချစ်သူ......
ချစ်လျက် နဲ့  မုန်းဟန်ဆောင်
မသိဟ်န်ဆောင်ကာ အရွဲ့ တိုက်
နှလုံးသား ပြတိုက်ထဲမှာပဲ
အချစ်တွေသိမ်းထားတော့မှာလား

ချစ်သူ....
အရွဲ့ တိုက်တာ နှလုံးသား မှာ မခံသာပေမယ့်
ချစ်သူအပြုံး ပျက်သုဉ်းမှာစိုးထိတ်
မြိုသိပ်ကာ ပြောမထွက်ခဲ့သူပါ....

ချစ်သူ.......
ကမ္ဘာလောက အနန္တတွင်
လှပကညာ များစွာရှိလဲ
ရင်မှာဆူးနစ် အသဲနင့်အောင်
ချစ်ခဲ့ရတာ နင်တစ်ယောက်ထဲဆိုတာ
ချစ်သူ....သိပါစေ.....

အားနည်းရှိ တဲ့ သူ Kyaw Thi Ha ( မန်းမြေ )

ဖေဖော်ဝါရီ 14 ဆုတောင်း
~~~~~~~~~~~~~~~


ရေခြား မြေခြား

နေကာသွားလဲ


ချစ်သူအပြုံး


ဘယ်တုန်း ကမှ


မေ့မရတာ


အမှန်ပါကွယ်....


မင်း နဲ့  စတွေ့ 


ချစ်သော နေ့ မှ


ယခုထိတိုင်


ငါရဲ့ ရင်ထဲ


မင်းကလွဲ၍


ဘယ်သူ့ ကိုမှ


မချစ်ခဲ့တာ


သစ္စာပြုအံ့


ကတိသစ္စာ


မှန်ကန်ပါက


ချစ်သူ နဲ့ ဝေး


ဒုက္ခဘေးမှ


လွတ်မြောက် ရ၍


လျှင်မြန်စွာပင်


ချစ်ရသူ နှင့်


ပြန်တွေ့ ရပါစေ


တောင်းဆုခြွေ၏.......


အားနည်းချက် နဲ့ သူ (Kyaw Thi Ha ) ( မန်းမြေ )

Saturday, January 19, 2013

 တိတ်တဆိတ်ရဲ့ ရင်ကွဲည
~~~~~~~~~~~~~
မပို့လိုက်ပေမယ့်ရောက်ရှိလာခဲ့
မရရှိပေမယ့်လက်ခံခဲ့ရတဲ့
တစိမ်းဆန်ဆန်စကားလုံးများ
တိတ်တစ်ဆိတ်အသည်းကွဲခြင်းနဲ့
ရင်ငွေ့သွန်းပါတယ်။
ချာတိတ်ရေ...........
အဖြူရောင်လှိုင်းဖြတ်တဲ့ညမှာ
မှောင်နေတာကလွဲ၇င်
ကိုကို့မျက်လုံးတွေက
ညလို့မသတ်မှတ်ဘူး။
အနာဂတ်ရဲ့ကာလာမှာ
တစိမ်းဆန်တဲ့စကားလုံးတွေထဲ
သံယောဇဉ်ဆိုတာ
မပါမှန်းသိပေမယ့်
ဗိုင်းရပ်(စ်)ပိုးတွေသာ
တခုတ်တရသတ်နေရမဲ့အတူတူ
လက်တွေ့ဆန်လောကဓံရေးတွေးလို့
ချာတိတ်ရေ.........
ဝေးဝေးကပဲလွမ်းနေမယ်နော်..။ ။
Kyaw Thi Ha

Tuesday, January 8, 2013


ရင်ထဲကလမင်း
~~~~~~~~~~~


မညီမညာပြန့်ကျဲနေတဲ့စိတ်အစဉ်တန်းဟာလည်း

လမင်းနေတဲ့ထားဝယ်ဒေသဆီအသံမဲ့ဖုန်းဆက်လို့

နာမည်တစ်ခုသိယုံနဲ့ချစ်ခြင်းကိုပုံမအပ်ရဲခဲ့သူ

သစ္စာတရားရဲ့ပြယုဂ်ကိုသင်္ချာနဲ့တန်ဆာဆင်ပြီး

နင်ပျော်မယ်ဆိုဘ၀ကိုလိုသလိုအသုံးချပါ။

နင်ယုံကြည်စွာသက်ဆင်းပျော်ဝင်ဖို့

ဦးမညွတ်တတ်တဲ့ငါ့မာနတွေတောင်

ဒူးထောက်ရတာအကြိမ်ပေါင်းမနည်းတော့ဘူး...

ဒါတောင်.....ဒြဗ်မဲ့အက္ခရာတစ်ခုအောက်မှာ

တစ်ခမ်းတစ်နားမရှိတဲ့ချစ်ခြင်းမေတ္တာအကြောင်း

လမင်းယုံအောင် သတ်ပုံမညွန်းနိုင်ခဲ့ပြန်ဘူး။

ဒီလိုနဲ့....သံယောဇဉ်တွေငွေ့ရည်ဖွဲ့ရင်း

သံသယမြူတွေငါ့ကောင်းကင်မှာအုံ့မှိုင်းလာတော့

တစ်ခန်းရပ်သွားတဲ့ပြဇာတ်တစ်ပုဒ်အဖြစ်

လမင်းထားရစ်ခဲ့တဲ့အချိန်ကစပြီး

အလဲအကွဲဒဏ်ရာဒဏ်ချက်တွေ

ငါ့နှလုံးသားတစ်နေရာမှာကင်ဒိုဓါးတစ်လက်လို

ခပ်နက်နက်စိုက်ဝင်ခဲ့ပေါ့။

ယုံအောင်မပြောတတ်သလိုလွမ်းအောင်လည်းမချွဲတတ်ခဲ့ဘူး

သီအိုရီတစ်ခုရဲ့ညီမျှခြင်းဥပဒေသမှာ

နယူတန့်ရဲ့နိယာမကိုယုံကြည်စွာကိုးကွယ်လို့

ငါချစ်သလိုလမင်းသံယောဇဉ်ရှိရင်ကောင်းမယ်ဆိုတဲ့

အတ္တပါးပါးလေးကိုခြုံထားတာကလွဲရင

ငါ့ရဲ့လမင်းလေး

နေ့ရက်တိုင်းမှာဘ၀အမောတွေပြေပါစေ.....။ ။ 
Kyaw Thiha